![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4.13.jpg?itok=hTxZ0xUV)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၃) ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌ၊တိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး၊ အတွင်းရေးမှူးတို့မှ ဆွေးနွေးတင်ပြခဲ့ကာ တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးတင်ပြဆွေးနွေးခဲ့ပါသည်။
ထို့နောက် အထွေထွေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဥက္ကဋ္ဌမှနိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၆း၀၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)