မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချမှုရရှိပြီး အကျိုးစီးပွားအောင်မြင်စေရန်အတွက် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူ၍ အသိပညာပေး ဆွေးနွေးလျက်ရှိပါသည်။

    ခရိုင်ဦးစီးမှူးက (၂၆.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် မင်းဘူးခရိုင် ဦးစီးမှူးရုံး၌ “ရွှေလမင်း” စားတော်ပဲလှော်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်အမျိုးအစားပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက်ထည့်သွင်းရမည့်အချက်များနှင့် စီးပွား‌ရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)