ဘားအံမြို့ရှိ အ.မ.က (ရွှေကင်း) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၃၀-၉-၂၀၂၄ ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က (ရွှေကင်း)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စားသုံးသူကာကွယ်ရေးအကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈)ချက် အကြောင်းသိကောင်းစရာများကို ဟောပြောခဲ့ပြီး၊ အငယ်တန်းစာရေး ဒေါ်ယမင်းဦးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို နမူနာမုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဟောပြောပွဲသို့ဆရာ၊ ဆရာမ (၈) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၁၄၂)ဦး စုစုပေါင်း ဦးရေ(၁၅၀) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)