အိန္ဒိယနိုင်ငံ၌ အခွံပါစပါးများ၊ အခွံချွတ်ပြီးဆန်လုံးညိုများနှင့် ပေါင်းဆန်များအား ပြည်ပသို့တင်ပို့ခြင်းအတွက် စည်းကြပ်သော အခွန်နှုန်းထားများကို ၂၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ၁၀ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပါသည်။
အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ၌ အဆိုပါ အခွန်နှုန်းထားများ လျှော့ချမှုသည် ကြေငြာချက်ထုတ်ပြန်ချိန်မှ စတင်၍ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိစေရမည်ဟု ဖော်ပြထားပါသည်။
ထို့အပြင် အစိုးရသည် ပေါင်းဆန်နှင့် ဘာစမာတီဆန်တို့မှအပ အရောင်တင်ထားသည်ဖြစ် စေ၊ အရောင်မတင်ရသေးသည်ဖြစ်စေ တစ်ပိုင်းတစ်စကြိတ်ခွဲပြီးသော သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲပြီးသော ဆန်များအား ပြည်ပသို့တင်ပို့မှုအတွက် စည်းကြပ်သောအခွန်ကို ၂၀ ရာခိုင်နှုန်း ကောက်ခံရာမှ သုညရာခိုင်နှုန်းသို့လျှော့ချပေးခဲ့သည်။
Source: Indian Express, 28 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)