ကြက်ငှက်တုပ်ကွေး၏ ထောက်ပံ့မှုကွင်းဆက်အပေါ် သက်ရောက်မှုနှင့်ဆက်စပ်နေသည့် ကြက်ဥဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

        ၂၀၂၃ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကြက်ဥဈေးနှုန်းများမြင့်တက်လာခြင်းသည် ထောက်ပံ့ရေးကွင်းဆက်အပေါ်  ကြက်ငှက်တုပ်ကွေးသက်ရောက်မှုနှင့် ဆက်စပ်နေသောကြောင့်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သော ၁၂လအတွင်း ကြက်ဥဈေးနှုန်းသည် ၂၈.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဥကြီးတစ်ဒါဇင်လျှင် ပျမ်းမျှဈေးနှုန်းမှာ ၃.၂၀ ဒေါ်လာဖြစ်ကြောင်း ဗျူရိုမှထုတ်ပြန်သော စာရင်းဇယားများအရသိရသည်။

        ထုတ်ကုန်ဝယ်လိုအားမြင့်မားမှုကြောင့်သာမက ဇူလိုင်လအတွင်း ကော်လိုရာဒိုရှိ ကြက်ခြံများတွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကြက်ငှက်တုပ်ကွေးဟု လူသိများသော Highly Pathogenic avian influenzo (HPAI) သည် ဇန်နဝါရီလ ၂၀၂၂ခုနှစ်မှစတင်၍ ပြည်နယ် ၄၈ခုရှိ ကြက်အကောင်ရေ သန်း၁၀၀ကျော်အား ကူးစက်ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(CDC) မှ အချက်အလက်များအရသိရသည်။ ၎င်းကဲ့သို့ ရောဂါကူးစက်မှုကြောင့် ကြက်များ၏ ဥထွက်ရှိမှုကိုထိခိုက်စေခဲ့ပြီး ဈေးနှုန်းများမြင့်တက်လာစေခဲ့သည်။ သို့သော် ကြက်ငှက်တုပ်ကွေးသည် ကြက်ဥဈေးတက်စေသည့် တစ်ခုတည်းသောအချက်မဟုတ်ခဲ့ပေ။ အမေရိကန်ကြက်ဥဘုတ်အဖွဲ့ဥက္ကဋ္ဌ Emily Metz က ငွေကြေးဖောင်းဖွမှုဖိအားများသည် လောင်စာဆီဈေးနှုန်းများမြင့်တက်လာခြင်း၊ လုပ်သားစရိတ်နှင့် ထုပ်ပိုးမှုစရိတ်မြင့်မားခြင်းတို့သည်လည်း အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း NPR သို့ ပြောကြားခဲ့သည်။

      ကြက်ဥထုတ်လုပ်သောလယ်သမားများသည် ဈေးနှုန်းရယူသူများဖြစ်ကြပြီး ဈေးနှုန်းဖန်တီးသူများမဟုတ်ကြောင်း၊ လက်ရှိကြုံတွေ့နေရသော ဈေးနှုန်းမတည်ငြိမ်မှုများသည် ကြက်ဥထုတ်လုပ်သောလယ်သမားများ၏ ထိန်းချုပ်မှုပြင်ပတွင်ရှိကြောင်း Metz မှ ပြောကြားခဲ့သည်။

Source : wane.com

DOCA(ရန်ကုန်)