![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.19_1.jpg?itok=10FPXoHu)
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆန်စျေးနှုန်းများ တည်ငြိမ်မှန်ကန်မှုရှိစေရေး၊ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများအား လစဉ်ထုတ် ပြန်ပေးလျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှလည်း စျေးကွက်အတွင်းရှိ ဆန်လက်လီ/လက်ကားအရောင်းဆိုင်များ၌ သင့်တင့်မျှတသော သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် (၂၉.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် မကွေးမြို့နယ်ဆန်စပါးလုပ်ငန်းရှင်များ အသင်းမှ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် မနောသုခဆန် (၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် မကွေးမြို့၊ မြင်သာရပ်ကွက်မှ အိမ်ထောင်စု(၄၈၀)စုအား တစ်အိမ်ထောင်လျှင် ဆန်(၁)ပြည်နှုန်းဖြင့် ဆန်(၄၈၀)ပြည်၊ အိတ်ရေ(၂၀)အိတ်အား ရောင်းချပေးခဲ့ပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း ရပ်ကွက်(၆)ခုသို့ ဆန်(၁၂၀)အိတ်၊ (၂၈၈၀)ပြည်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)