ဗီယက်နမ်နှင့် မွန်ဂိုလီးယားတို့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်

Powered by Drupal

      ဗီယက်နမ်နိုင်ငံကွန်ူနစ်ပါတီအထွေထွေအတွင်းရေးမှုးနှင့် နိုင်ငံတော်သမ္မတဖြစ်သူ To Lam ၏ မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ၎င်းတို့၏မိတ်ဖက်ဖွဲ့မှုအား တိုးချဲ့ရန်အတွက် လမ်းကြောင်းသစ်များဖွင့်လှစ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များရှာဖွေရန် မျှော်လင့်ရကြောင်းသိရပါသည်။ ဗီယက်နမ်သည် မွန်ဂိုလီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ထောင်သ့ ပထမဆုံးအာဆီယံနိုင်ငံဖြစ်ကြောင်းသိရသည်။ ကျွမ်းကျွင်သူများကလည်း မွန်ဂိုလီယားသည် ဗီယက်နမ်၏ အခန်းကဏ္ဍနှင့် အဆင့်မြင့်တက်လာမှု၏အရေးပါမှုကို ယုံကြည်မှုရှိကြောင်းပြောကြားခဲ့သည်။ ဗီယက်နမ်ခေါင်းဆောင်များနှင့်ပြောဆိုဆွေးနွေးမှုများတွင် မွန်ဂိုလီးယားဘက်မှ ဗီယက်နမ်သည် အရှေ့တောင်အာရှကြား ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကမိတ်ဖက်ဖြစ်ကြောင်းနှင့် လူဦးရေ သန်း၇၀၀ရှိသည့် အာဆီယံဈေးကွက်သို့ဝင်ရောက်ရန် အရေးပါသောဝင်ပေါက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ ၎င်းတို့နှစ်နိုင်ငံ၏ ပထမဆုံးကုန်သွယ်ရေးသဘောတူညီချက်ကို ၁၉၅၇ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုသဘောတူစာချုပ် (MOU) ကို ၂၀၀၀ခုနှစ်တွင် ကနဦးလက်မှတ်ရေးထိုးကာ ၂၀၂၁ခုနှစ်တွင် အသစ်ပြန်လည်လက်မှတ်ထိုးခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် နှစ်နိုင်ငံကြား အစားအစာဖူလုံရေးနှင့် ဆန်‌ဈေးကွက်များတည်ငြိမ်ရေးအတွက် ကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ ဆန်ကုန်သွယ်ရန် MOU လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ သို့သော် မွန်ဂိုလီးယား၏ သေးငယ်သောဈေးကွက်အရွယ်အစားနှင့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများကြောင့် အပြန်အလှန်ကုန်သွယ်ရေးမှာ သင့်ရုံမျှသာရှိကြောင်းသိရပါသည်။ ဗီယက်နမ်က မွန်ဂိုလီးယားသို့ ဂျုံ၊ ပြောင်းထုတ်ကုန်များ၊ LCD နှင့်  LED Screen များနှင့် ဆန်များတင်ပို့ပြီး အဖြိုက်နက်သတ္တုရိုင်းနှင့် အခြားထုတ်ကုန်အနည်းငယ်ပြန်လည်တင်သွင်းကြောင်းသိရပါသည်။ ကျွမ်းကျွင်သူများက မွန်ဂိုလီးယား၏ များစွာသော ကျယ်ပြန့်ပြီး ပေါကြွယ်ဝသည့် သတ္တုအရင်းမြစ်များကြောင့် နှစ်နိုင်ငံကြား ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် သိသာထင်ရှားသော အလားရှိကြောင်း၊ အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်မှုအတွက် အရေးပါသောပစ္စည်းများ၊ မြေရှားသတ္တုနှင့် သတ္တုတွင်းလုပ်ငန်း၊ အစိမ်းရောင်စီးပွားရေး ကနဦးစတင်မှု၊ ရာသီဥတုပြောင်းလဲမှုသက်သာစေခြင်းနှင့် လေထုညစ်ညမ်းမှုလျှော့ချခြင်းတို့အတွက် ဖြစ်ကြောင်းပြောကြားခဲ့သည်။ မွန်ဂိုလီးယားစီးပွားရေးလုပ်ငန်းရှင်များသည်လည်း ဗီယက်နမ်၏လူဦးရေ သန်း၁၀၀ကျော်ဈေးကွက်နှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ၁၇ခုကျော်၏ အခွင့်အလမ်းများကိုရရှိနိုင်ကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း၁၃၀ကျော်ရှိကြောင်း မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးဖြစ်သူ Nguyen Tuan Thanh က ပြောကြားခဲ့ပါသည်။

Source: Vietnam plus

DOCA(ရန်ကုန်)