![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.26.jpg?itok=1nhi-y2F)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံ စိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄-ခုနှစ်၊ စက်တင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို မကွေးမြို့နယ်တွင်(၅)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်တွင် (၄)ကြိမ်၊ မြို့သစ်မြို့နယ်တွင် (၂)ကြိမ်၊ နတ်မောက်မြို့နယ်တွင် (၂)ကြိမ်၊ ချောက်မြို့နယ်တွင် (၅)ကြိမ်၊ ရေနံချောင်းမြို့နယ်တွင် (၃)ကြိမ်၊ စုစုပေါင်း (၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)