အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံးတင်ပို့သော နိုင်ငံဖြစ်လာသည့်ရုရှား

Powered by Drupal

    ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပဲဝါဈေးကွက်ကို အချိန်ကာလကြာမြင့်စွာလွှမ်းမိုးထားသော ကနေဒါနိုင်ငံကိုကျော်ကာ အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံးတင်ပို့သော နိုင်ငံဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုမှ အိန္ဒိယနိုင်ငံသို့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တစ်ခုလုံးအတွင်း ရုရှားနိုင်ငံမှတင်ပို့ခဲ့သော ပဲဝါတန်ချိန် ၄.၀၁ သိန်းထက် များစွာတိုးတက်ခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပဲဝါတန်ချိန် ၄.၄၁ သိန်းတင်ပို့ခဲ့သည်။ ထိုပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ်တစ်ခုလုံးအတွင်း ရုရှားနိုင်ငံမှတင်ပို့ခဲ့သော ပဲဝါတန်ချိန် ၄.၀၁ သိန်းထက် များစွာတိုးတက်ခဲ့ကြောင်းသိရသည်။ ကနေဒါနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလမှ စက်တင်ဘာလအတွင်း အိန္ဒိယသို့ ပဲဝါတန်ချိန် ၃.၉၃ သိန်းတင်ပို့ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းပဲဝါတန်ချိန် ၁.၃၈ သန်းတင်ပို့နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှားမှတင်သွင်းသော ပဲဝါတန်ချိန် ၄.၄၁ သိန်းအတွက် အမေရိကန်ဒေါ်လာ ၂၁၂.၈၅ သန်းသုံးစွဲခဲ့ပြီး ကနေဒါမှတင်သွင်းသော ပဲဝါတန်ချိန် ၃.၉၃ သိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂၈.၄၉ သိန်းသုံးစွဲခဲ့ကြောင်းသိရပါသည်။

Source: pressreader

DOCA(ရန်ကုန်)