တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဖြင့် မြိတ်မြို့၊ စျေးတန်းရပ်၊ အထက(ခွဲ)အလက(၁)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်စျေးတန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဆိုင်ရာပြသနာများ၊ ရာသီပေါ်ရောဂါများအကြောင်းဆွေးနွေးပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက မိမိတို့သည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်များတွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသားဖော်ပြရခြင်းအကြောင်း၊ အစားအစာစားသောက်ရာတွင် လိုက်နာသင့်သည့် အချက်များအား ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းသူ/ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောင်းမုန့်စျေးတန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)