![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.12_1.jpg?itok=qGiMpVxR)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်ရှိ တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၂.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့ နယ်ရှိဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသိန်းစိုးဦး၏ နေအိမ်တွင်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းအခြေအနေနှင့် ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများအား ဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက မိုးစပါးစိုက်ပျိုးရာသီတွင် အရည်အသွေးပြည့်မီသောစပါးများ အထွက်တိုးနိုင်ရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်ဆောင်ရွက်သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ အသင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းဝင်များနှင့်ညှိနှိုင်း၍ အဆင့်မြင့် ဆန်စက်အစိတ်အပိုင်းများပြောင်းလဲတပ်ဆင်နိုင်ရေး၊ ပြည်ပသို့အရည်အသွေးမြင့်ဆန်များတင်ပို့နိုင်ရေး၊ အသင်းဝင်များနှင့်ပုံမှန်တွေ့ဆုံ၍ နည်းပညာနှင့် ဈေးကွက်အခြေအနေများမျှဝေခြင်း ဆန်စက်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ၊ စက်ပိုင်၊ ကုန်သည်များ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လိုအပ်သောနည်းပညာအရင်းအနှီးထောက်ပံ့မှုများရရှိပါက လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)