မြောင်းမြခရိုင် အိမ်မဲမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် အထက်ပိုင်းရပ်ကွက်ရှိ ငွေစံအိမ်ဆေးဆိုင်နှင့် သစ္စာအောင်ဆေးဆိုင်တို့တွင် ဆေးဝါးပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်း(၂)လမ်းရှိ ငွေစံအိမ်ဆေးဆိုင်နှင့် အထက်ပိုင်း(၁)လမ်းရှိ သစ္စာအောင်(၂)ဆေးဆိုင်တို့တွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသောဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှ ဝယ်ယူရရှိပြီး ယခင်ထက်(၅)ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချသောဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)