ကလေးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

      ကလေးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များသို့ ကလေးခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းဝင်းဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။    ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ရာတွင် စပါးများဆန်များကို ဝယ်ယူရောင်းချရသည့် အရပ်ဒေသများ၊ ဝယ်ယူသည့်ဆန်အမျိုးအစား၊ ဈေးနှုန်းများ၊ ဆန်လက်ကျန် အခြေအနေများ ရောင်းဈေးနှုန်းများအား ဆန်ကုန်သည်များသို့ မေးမြန်းဆောင်ရွက်ခဲ့ပြီး ဆန်များကို ဈေးနှုန်းမြင့် တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများရှိပါက ဥပဒေ အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လစဉ်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သင့်တင့်မျှ တသော ဈေးကွက်ဈေးနှုန်း Reasonabke Market Price ထုတ်ပြန်ပေးလျက်ရှိပါကြောင်းနှင့် ဆန်တစ်အိတ် ၁၀၈ ပေါင် ( ၂၄ )ပြည်ကို သတ်မှတ်ပေးလျက်ရှိသည့်အတွက် သတ်မှတ်ဈေးနှုန်းထက်  ကျော်လွန်၍ ရောင်းချခြင်းမပြုလုပ်ပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)