ဘီးလင်းမြို့နယ်တွင် ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ရုံးမှ ဝန်ထမ်းများသည် ၂.၁၀.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်ကန်သာယာရပ်ကွက်ရှိ နီလာဈေးနှင့်ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေးတို့တွင် ကုန်မျိုးစုံရောင်းချသော ဆိုင်များသို့သွားရောက်၍ ငရုတ်ဆီနှင့်အချဉ်ရည် အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ခဲ့သည်။ ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက် ပါ/မပါတို့ကို စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးကြစေရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)