မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အဖွဲ့စုံဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၃.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၈) ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့များနှင့် ပူးပေါင်းပြီး ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုရှိ/မရှိ ၊ ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ သက်တမ်းလွန်နှင့် သုံးစွဲရန်မသင့် တားမြစ်ထားသော ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ စျေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ သက်တမ်းလွန်နှင့် သုံးစွဲရန်မသင့်တားမြစ်ထားသော ဆေးဝါးများ ရောင်းချမှုမရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးဆိုင်များရှိ အရောင်းကောင်တာအလိုက် ဝန်ထမ်းများအား သက်တမ်းလွန်ဆေးဝါးများမရှိစေရေးနှင့် သန့်ရှင်းရေးအား အမြဲတမ်းဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)