တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့၊ အ.ထ.က(၃) ကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အထောက်အကူပြုစာအုပ်များအား Mandalay Media မှ ပေးအပ်လှူဒါန်းပွဲအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အ.ထ.က(၃) ကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအထောက်အကူပြုစာအုပ်များအား Mandalay Media မှ ပေးအပ်လှူဒါန်းပွဲအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ထို့နောက် Mandalay Media မှ ပါမောက္ခ ဒေါက်တာသန့်ဇင်က တက္ကသိုလ်ဝင်တန်းအထောက်အကူပြုစာအုပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် Mandalay Media မှတာဝန်ရှိသူ ဦးကျော်ဇေယျက စာမူများအား မည်သို့ပြုလုပ်ခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ Mandalay Media မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပြီး  အခမ်းအနားပြီးမြောက်ကြောင်း သတင်းရရရှိပါသည်။

DOCA(တနင်္သာရီ)