“ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်”

Powered by Drupal

     (၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀ မှ ၁၂:၀၀)အချိန်အထိ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် CIS-2 နှင့် အော်စကာ Super Market ဆိုင်များသို့ စားသုံးသူရေးရာဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီး စစ်ဆေးရေးအရာရှိများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး  Super Market (၂)ဆိုင်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဆိုင်တာဝန်ခံ၊ ဆိုင်မန်နေဂျာနှင့် ဆိုင်အရောင်းဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများအား ဌာနခွဲတာဝန်ခံများ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)