![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9.11_6.jpg?itok=E3dFmEER)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြရိုင် မြောင်းမြမြို့နယ်တာဝန်ခံဦးလှထွဋ်ဦးသည် (၂.၁၀.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)နာရီတွင် မြောင်မြမြို့ အထက(၁) ပညာရတနာခန်းမတွင်ပြုလုပ်သော စဉ်ဆက် ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်းတွင် တက်ရောက်နေသော ဆရာ/ဆရာမများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲပြလုပ် ဆောင်ရွက်ခဲ့ပါသည်၊
ထိုသို့ ဟောပြောဆွေးနွေးတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော သင်တန်းသား ဆရာ/ဆရာမများအား မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန် လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန် မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sign Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့် www. eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ သင်တန်းသား ဆရာ/ဆရာမများအား (၂၀၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)