ထားဝယ်မြို့၊ ရွှေဥသြထားဝယ်ရိုးရာ စက်ယက္ကန်း လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့၊ နံနက် (၁၁း၁၅) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဥဿရံရပ်ရှိ ရွှေဥသြထားဝယ်ရိုးရာ လုံချည်နှင့် ချည်ထည်အမျိုးမျိုး စက်ယက္ကန်းလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းရှင်အား စက်ယက္ကန်းနှင့် ပတ်သက်သည့် အချက်အလက်များဖြစ်သော စက်ယက္ကန်းစက်ရုံတည်ရှိရာနေရာနှင့် အကျယ်အဝန်း၊ လက်ရှိလည်ပတ်နေသည့် စက်အရေအတွက်နှင့် လုပ်သားအင်အား၊ ကုန်ကြမ်းပစ္စည်းရရှိမှုများနှင့် ထုတ်လုပ်သည့် အထည်အမျိုးအစားများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မိမိတို့ဌာနအနေဖြင့်လည်း လိုအပ်သည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)