ပခုက္ကူမြို့၌ ကျောင်းနေအရွယ်ကလေးများ အသိပညာတိုးပွားစေရေး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာဟောပြောဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၄.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများ ကို စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်နှင့် ကုန်စည်၊ ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့် အရေးများကို သိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရန်၊ ကျောင်းနေအရွယ်ကလေးများ ဘေးကင်း လုံခြုံမှုရှိသော ကုန်စည်များ ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင်   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဒုတိယခရိုင်ဦးစီးမှူးမှ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ရှင်းလင်းချက်များကိုလည်းကောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်များအကြောင်းနှင့် Online ဖြင့် ဈေးဝယ်ယူရာတွင် စားသုံးသူများ သိထားသင့်သည့်အချက်များ အကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့နယ်တာဝန်ခံက စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူအသုံးပြုရတွင် အရေးကြီးသတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)