ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် ပတ်သက်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၁၀.၂၀၂၄)ရက်နေ့တွင် လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသောကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဖြည့်စွက်စာများရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသော စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည့် ဖြည့်စွက်စာများကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)