ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၆.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ (၅.၁၀.၂၀၂၄)ရက်နေ့ထုတ် (၄၂)ပေပါ (သို့) ပိဿာ ၄၆၂၀ သည် တော်ဝင်ဧကရာဇ်ကုမ္ပဏီ (7M-1419) မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှလည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက်က္ကား ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)