မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၇.၁၀.၂၀၂၄)ရက်နေ့ ၊နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အမှတ်(၃) ဟံသာဝတီဖြတ်လမ်း၊ စာရေးကုန်းရပ်ကွက်နှင့် အမှတ်(၄၁) မြို့မလမ်း၊ မင်းပိုင်းရပ်ကွက်တို့တွင် Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံက Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင်အမှန်တကယ်ရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝါးခယ်မမြို့နယ် အမှတ်(၃) ဟံသာဝတီဖြတ်လမ်း၊ စာရေးကုန်းရပ်ကွက်ရှိ ကျော်မင်းထွန်းဆိုင်တွင် လူသုံးကုန်ပစ္စည်းများနှင့် အမှတ်(၄၁) မြို့မလမ်း၊ မင်းပိုင်းရပ်ကွက်ရှိ ဦးအောင်ဇင်ကိုဆိုင်တွင်   အလှကုန်ပစ္စည်းများ၊ စာအုပ်စာတမ်းနှင့် စာရေးကိရိယာပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ရောင်းချနေမှုအပေါ် Q/R ကုတ်လိုင်စင်ရှိ/မရှိ စစ်ဆေးခဲ့ပြီး Online Sale ရောင်းချမှုနှင့် ပတ်သက်သည့် အကြောင်းအရာများဆွေးနွေးလျက် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)