စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံမှ ( ၈ - ၁၀ - ၂၀၂၄ )ရက်နေ့ ၊ နံနက် (၁၀:၃၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိနှင့် ဆေးဝါးများ ပြတ်လပ်မှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ အာနိသင်တူ ကုမ္ပဏီကွဲဆေးများမှာ ဈေးအနည်းငယ်ကျပြီး အချို့သွေးကျဆေးများမှာ အနည်းငယ်မြင့်တက်လာကြောင်း၊ အကိုက်အခဲပျောက်ဆေးတစ်ချို့မှာ ပစ္စည်းပြတ်ရာမှ ယခုတစ်ပတ်တွင် ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာပြီး ဈေးအနည်းငယ် မြင့်တက်လာကြောင်း၊ သုံးစွဲသူများမှာလည်း မိမိတို့ ဝယ်ယူနေကြ ဆေးဆိုင်များမှ ကုမ္ပဏီဆေးဝါးများကို ဦးစားပေး ရောင်းချခြင်းကြောင့် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ခြင်း၊ အာနိသင်တူဆေးဝါးများကိုလည်း သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိလျက်ရှိကြောင်း သိရှိရပြီး ဟင်္သာတမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)