ညောင်တုန်း စက္ကော့ အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံသည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် (၇.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ ညောင်တုန်းမြို့ ကြိမ်ပင်ဆယ်ကျေးရွာ၊ စက္ကော့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား(၁၇၅)ဦး၊ ဆရာ၊ ဆရာမ(၆)ဦးတို့အား  စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ အားကစား နှင့်ကာယပညာဦးစီးမှူးမှ အားကစားသိပ္ပံအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သောဌာနတစ်ခုဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဖြင့် လူနေမှုဘဝ အကျိုးစီးပွားကို ကာကွယ်ဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကာကွယ်မြင့်တင်ဖို့ လုပ်ဆောင်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာမှုကို ကာကွယ်ပေးခြင်း၊ စားသုံးသူ အခွင့်အရေးအခြေခံ ၈ချက်ကို သိရှိနားလည်ထားကြရန်၊ သတ်မှတ်ထားသော ဥပဒေနည်း ဥပဒေများဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းခြင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုအပေါ် တိုင်ကြားနိုင်သော ဌာနဖြစ်သည့် စားသုံးသူရေးဦးစီးဌာနတွင် တိုင်ကြားမှုများကို လက်ခံဖြေရှင်းဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြသကာ တိုင်ကြားလိုရသော နည်းလမ်းများဖြစ်သည့် www.doca.gov.mm တွင် တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Applaction ဖြင့် တိုင်ကြားနိုင်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်/တိုင်း/ပြည်နယ်များတွင် ဖွင့်လှစ်ထားသော CICCများသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ FaceBook Page Messanger မှတဆင့် တိုင်ကြားနိုင်ခြင်း၊ Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေးမြန်းတိုင်ကြားလို့ရကြောင်းကို ရှင်းလင်းပြီး ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြ၍ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)