တရုတ်နိုင်ငံသို့ ဗီယက်နမ်ငှက်သိုက်များတင်ပို့မှုတိုးလာသော်လည်း ယင်းထုတ်ကုန်သည် ဈေးနှုန်းပြိုင်ဆိုင်မှုနှင့်ရင်ဆိုင်နေရပြီး ဇီဝဇိုးငှက်မွေးမြူရေးအိမ်များ စီမံခန့်ခွဲရေးဆိုင်ရာ ရှင်းလင်းစေသော စည်းမျဉ်းစည်းကမ်းများကင်းမဲ့နေခြင်းတို့နှင့်လည်းရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ၏ငှက်သိုက်ဝယ်လိုအားတိုးလာသော်လည်း ဈေးကွက်သို့ဗီယက်နမ်၏တင်ပို့မှုမှာ အနည်းငယ်မျှသာရှိသေးသည်။
ဗီယက်နမ်ငှက်သိုက်ကမ်အဖွဲ့အစည်း၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၂၃ခုနှစ်တွင် ငှက်သိုက် ၅၅၇တန်တင်သွင်းခဲ့ပြီး ၂၀၂၂ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၃.၄ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ သည်။ ၂၀၂၄ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ၂၀၂၃ခုနှစ်တွင် ငှက်သိုက်တင်သွင်းမှု ၃၀ရာခိုင်နှုန်းနီးပါးနှင့်ညီမျှသော ၁၄၅တန်ကိုတင်းသွင်းခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ၏ ငှက်သိုက်ဝယ်လိုအားတိုးလာခြင်းကို ပြသနေခြင်းပင်ဖြစ်သည်။ ထိုအတောအတွင်း ဗီယက်နမ်မှ တရုတ်သို့ ငှက်သိုက်တင်သွင်းမှုသည် ၂၀၂၃ခုနှစ် ပထမသုံးလပတ်အတွင်း ၂တန်ခန့်သာရှိခဲ့သည်။ ဗီယက်နမ်ထုတ်ကုန်များအကြောင်းကို တရုတ်စားသုံးသူအနည်းငယ်မျှသာသိရှိခဲ့ကြသောကြောင့် ယင်းပမာဏမှာ နည်းပါးခဲ့ကြောင်း လုပ်ငန်းများ၏ပြောကြားချက်အရသိရပါသည်။ ဗီယက်နမ်နိုင်ငံပိုင် Khanh hoa bird’s nest co.,ltd ၏ လက်ထောက်ညွှန်ကြားရေးမှူး trinh thi hong van က ဗီယက်နမ်ငှက်သိုက်များသည် ကာလရှည်ကြာစွာ ရေပန်းစားခဲ့သည့် အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ထုတ်ကုန်များနှင့် ပြိုင်ဆိုင်မှုပြင်းထန်နေကြောင်းပြောကြားခဲ့သည်။ ဗီယက်နမ်ငှက်သိုက်အဖွဲ့ဥက္ကဋ္ဌ le thanh dai က တရုတ်လူမျိုးများသည် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှတင်သွင်းသော ငှက်သိုက်များကိုသာအသုံးများသည်။ ဗီယက်နမ်ငှက်သိုက်များတွင် တရုတ်လူမျိုးများသည် Khanh hoa အမှတ်တံဆိပ်ကိုသာသိကြသော်လည်း ယင်းငှက်သိုက်များကို ကျွန်းတစ်ကျွန်းတည်းပေါ်တွင်သာ ရရှိနိုင်သောကြောင့် အလွန်ဈေးကြီးသည်။ ဇီဝဇိုးမွေးမြူသည့်အိမ်များမှ ရိတ်သိမ်းရသည့် ငှက်သိုက်များသည် သင့်လျော်သောဈေးနှုန်းရှိသော်လည်း တရုတ်စားသုံးသူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်မသိကြပေ။ ဗီယက်နမ်နိုင်ငံ qUOC YEN JSC ၏ ဥက္ကဋ္ဌနှင့် အထွေထွေညွှန်ကြားရေးမှူး HANG DINH KHOA က စီးပွားရေးလုပ်ငန်းတစ်ခုသည် ငှက်သိုက်အချောထည်များကိုတင်ပို့သည့်အခါ အဆိုပါထုတ်ကုန်များ၏ ပို့ကုန်စာရွက်စာတမ်းတွင် ငှက်သိုက်အစိမ်း၏ မူလဇစ်မြစ်ကိုသက်သေပြသည့် စာရွက်စာတမ်းများကို ထည့်သွင်းရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါပြဿနာကိုဖြေရှင်းရန်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့အနေဖြင့် ငှက်မွေးမြူရေးသည် အိမ်များစီမံခန့်ခွဲရေးနှင့်စပ်လျဉ်းသည့် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းစဉ်များကိုပြန်လည်သုံးသပ်ရန် dAi က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အကြီးဆုံးငှက်သိုက်ဈေးကွက်တစ်ခုဖြစ်ပြီး ကမ္ဘာ့စားသုံးသူ၏ ၈၀ရာခိုင်နှုန်းခန့်ရှိသည်။ ၎င်းသည် ကမ္ဘာ့အကြီးဆုံးငှက်သိုက်တင်သွင်းသူဖြစ်ပြီး အဆိုပါတင်သွင်းမှုပမာဏမှာလည်း ဆက်လက်တိုးတက်နေမည်ဖြစ်သည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ ငှက်သိုက်များတရားဝင်တင်ပို့နိုင်ခြင်းဆိုင်ရာ တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယခုအချိန်ထိ တရုတ်အကောက်ခွန်ဦးစီးဌာနသည် ငှက်သိုက်ထုတ်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့ရန် ဗီယက်နမ်လုပ်ငန်းခုနှစ်ခုကို လိုင်စင်ထုတ်ပေးထားပြီး ဗီယက်နမ်တွင် ငှက်မွေးမြူသည့်အိမ်ပေါင်း ၂၂၀၀၀ကျော်ရှိကာ တန်ချိန် ၁၅၀ခန့်ထွက်ရှိပြီး ၎င်းသည် အမေရိကန်ဒေါ်လာ သန်း၆၀၀ကျော်တန်ဖိုးရှိကြောင်းသိရှိရပါသည်။
sOURCE: THESTAR
DOCA(ရန်ကုန်)