၂၀၂၄ခုနှစ်၏ ပထမ ၉လတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်မှတ်ပုံတင်ခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

          ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၅.၂၈ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၁၅ခုကိုရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ CDC ၏ တင်ပြချက်အရသိရပါသည်။ ထိုစီမံကိန်းများသည် ကမ္ဘောဒီးယား၏ ကြီးမားသောအလုပ်သမားထုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များပံ့ပိုးနိုင်ခဲ့ပြီး အလုပ်အကိုင်သစ် ၂၅၀၀၀၀ကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရပါသည်။ ထိုစီမံကိန်းတွင် ကုန်ထုတ်လုပ်ခြင်း၊ အိမ်ယာမြေ၊ ခရီးသွားကဏ္ဍနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများပါဝင်ကြောင်းသိရပါသည်။ စက်တင်ဘာလတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၄၄၃သန်းတန်ဖိုးရှိသည့် စီမံကိန်းသစ် ၂၈ခုရရှိခဲ့ပြီး ပြည်တွင်းလုပ်သားထုအတွက် အလုပ်အကိုင်ခန့်မှန်း ၂၅၀၀၀ ဖန်တီးနိုင်ခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်နှင့် CDC ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ SUN CHANTHOL က  ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် မတ်ခရိုစီးပွားရေးတည်ငြိမ်မှုမြင့်တက်လာခြင်း၊ ဥပဒေမူဘောင်နှင့် စည်းမျဉ်းများပိုကောင်းမွန်လာခြင်းနှင့် နိုင်ငံ့စီးပွားရေးကြီးထွားလာမှုတို့ကြောင့် ထိုကဲ့သို့သောစီမံကိန်းများရရှိခြင်းဟု ယူဆရကြောင်းပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု၊ ဥပဒေကျွမ်းကျင်မှုရှိသောလုပ်သားထု၊ ကုန်သွယ်ရေးဦးစားပေးစီမံချက်များနှင့် အသစ်စတင်ဆောင်ရွက်ခဲ့သည့် ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းစဉ်များပိုမိုမြန်ဆန်စေပြီး ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းများကို ကလစ်တစ်ချက်နှိပ်ရုံဖြင့် ခွင့်ပြုပေးနိုင်သည့် အွန်လိုင်းစနစ်သစ်က စီမံကိန်းများကိုဆွဲဆောင်ရာတွင် အထောက်အကူဖြစ်စေခဲ့ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ LIM HENG က အထက်ပါရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ရင်းနှီးမြှုပ်နှံသူများက  ကမ္ဘောဒီးယား၏တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) များအတွက် ရှုမြင်ချက်ကိုပြသနေကြောင်းပြောကြားခဲ့ပါသည်။  ကမ္ဘောဒီးယား၏ တရုတ်၊ တောင်ကိုရီးယားတို့နှင့် FTA များနှင့် ဒေသဆိုင်ရာကမ္ဘောဒီးယားကျယ်ပြန့်သော စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု ( RCEP ) တို့က ပြည်ပရင်းနှီးမြှုပ်နှံသူများက ဈေးကွက်များတိုးချဲ့ရန်ရှာဖွေရာတွင် ပန်းတိုင်တစ်ခုဖြစ်စေခဲ့ကြောင်း HENG ကပြောကြားခဲ့ပါသည်။

sOURCE: KHMER TIMES

DOCA(ရန်ကုန်)