သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် မတ်လ(၂၉) ရက်နေ့မှ ဧပြီလ( ၄ ) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင်၊ ဘီးလင်းမှ ပိန္နဲသီး အလုံးကြီး ကျပ် ၃၀၀၀၀ မှ ၂၅၀၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၀ မှ ၁၅၀၀၀ ၊ အလုံးသေး ကျပ် ၁၂၀၀၀ မှ ၁၀၀၀၀၊ ကောလင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၉၀၀၀၊ အလုံးလတ် ကျပ် ၇၀၀၀၊ အလုံးသေး ကျပ် ၄၅၀၀၊ မန္တလေးမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၅၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀၊ အလုံးသေး ကျပ် ၂၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ  ၅ ပိဿာ တစ်ခြင်း ကျပ် ၂၀၀၀၀ နှင့် (၁၈ ကျပ် သားဗူး) ကျပ် ၉၀၀၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အိတ်စွပ် အလုံးကြီးတစ်ခြင်း အလုံး ၆၀ ပါကျပ် ၅၀၀၀၀၊ အလုံးလတ်တစ်ခြင်း အလုံး ၈၀ ပါကျပ် ၃၅၀၀၀၊ သရက်သီး (မချစ်စု) အလုံးကြီးတစ်ခြင်း အလုံး ၆၀ ပါကျပ် ၃၅၀၀၀၊ အလုံးလတ်တစ်ခြင်း အလုံး ၈၀ ပါကျပ် ၂၅၀၀၀၊ အလုံးသေးတစ်ခြင်း အလုံး ၁၀၀ ပါကျပ် ၁၅၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)