ရန်ကုန်မြို့ရှိ ဆီသိုလှောင်ကန်များမှ ဖြန့်ဖြူးရောင်းချသည့် ရန်ကုန်အထိုင်တစ်ပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းအပေါ် အဆင့်ဆင့် လက်ကား/ လက်လီရောင်းချရာတွင် သယ်ယူစရိတ်နှင့် အကျိုးအမြတ်ကို ၂ရာခိုင်းနှုန်းထက်မပိုစေဘဲ ဖြန်ဖြူးရောင်းချရမည်ဖြစ်ကြောင်းကိုကြားသိရသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် စီးပွားရေးဝန်ကြီးများထံတင်ပြပြီး စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်းအား သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ်မှ သက်ဆိုင်ရာဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း လက်ကားရောင်းချသူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ရှောင်တခင် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)