အင်ဒိုနီးရှားသည် အာရှ၏ စီးပွားရေးအင်အားသစ်ဖြစ်လာရန်အလားအလာရှိကြောင်း သမ္မတ Jokowi ပြောကြား

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နှင့်အိန္ဒိယတို့နှင့်အတူ အာရှတွင်စီးပွားရေးအင်အားသစ် ဖြစ်လာရန် အလားလာရှိကြောင်းသမ္မတ Jokowi ကပြောကြားခဲ့သည်။ Jokowi က ကမ္ဘာကြီးသည် အာရှ၏ရာစုနှစ်ကိုဝင်ရောက်ခဲ့ကြောင်း၊ စီးပွားရေးကြီးထွားမှုသည် အနောက်နိုင်ငံများမှ အာရှသို့ ပြောင်းလဲဝင်ရောက်လာကြောင်းနှင့် တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား ဟုအမည်ရ သည့်စီးပွားရေးအင်အားသစ် ၃ ခု ဖြစ်ပေါ်လာမည်ဟုခန့်မှန်းထားကြောင်းကို ၈-၁၀-၂၀၂၄ ရက်နေ့က ဂျကာတာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် BNT Invester Daily Summit 2024 ၏ ဖွင့်ပွဲအခမ်း အနားတွင်ပြောကြားခဲ့ပါသည်။ သို့သော်နိုင်ငံကို စီးပွားရေးအလွန်အင်အားကြီးနိုင်ငံ ဖြစ်လာစေရန် များစွာသောအခက်အခဲများကို ကျော်လွှားရန်နှင့် များစွာသောလိုအပ်ချက်များပြည့်မီရန်လိုအပ် ကြောင်းသိရပါသည်။ ကမ္ဘာ့စီးပွားရေးမသေချာမရေရာမှုကို ဖန်တီးပေးသည့် ပထဝီနိုင်ငံရေး တင်းမာမှုနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုတို့မှာ ရင်ဆိုင်နေရသည့်အခက်အခဲများဖြစ်ကြောင်း သိရပါသည်။ Jokowi က ကမ္ဘာ့စီးပွားရေးနှေးကွေးမှုသည် ခန့်မှန်းချေအားဖြင့် ပျမ်းမျှ ၂.၇ ရာခိုင်နှုန်းမှ ၂.၈ ရာခိုင်နှုန်းတွင်ရှိကြောင်း၊ အင်ဒိုနီးရှားသည် ၅ ရာခိုင်နှုန်းအထက်တွင်ရှိနေသဖြင့် ဂုဏ်ယူသင့်ကြောင်း၊ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသစစ်ပွဲများသည် ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေကြောင်းနှင့် အနာဂတ်တွင် ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုကို ရင်ဆိုင်ရနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုပွဲတွင် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးစီ၏ပျမ်းမျှ GDP သည်လက်ရှိတွင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅၀၆၀ မှ လာမည့်ငါးနှစ်တွင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၀၀၀ အထက်နှင့်နောက်ဆယ်စုနှစ်တွင် တစ်နှစ်ကိုအမေရိကန်ဒေါ်လာ ၉၀၀၀ အထက်ထိမြင့်တက်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Antara News

DOCA(ရန်ကုန်)