သာကေတမြို့နယ်ရှိ အာကာရာမကုမ္ပဏီရှိ ဆေးနှင့်ဆေးပစ္စည်းများ သွားရောက်စစ်ဆေးခြင်း

Powered by Drupal

    အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သာကေတမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစုစုလွင်တို့နှင့်ပူးပေါင်း၍ ၉.၁၀.၂၀၂၄ ရက်  နေ့လည် (၁၀:၃၀) နာရီတွင်  အမှတ် (၃၁)၊ စကားဝါလမ်း၊ ဝါဝါဝင်းအိမ်ယာရှိ အာကာရာမကုမ္ပဏီရှိ ဆေးနှင့် ဆေးပစ္စည်းများကို စစ်ဆေးရန်   တာဝန်ခံနှင့်သွားရောက်တွေ့ဆုံ၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကုမ္ပဏီသည် လက်ရှိကာလတွင်ဆေးပစ္စည်းနှစ်မျိုးတည်းကိုသာ မလေးရှားနိုင်ငံမှ တင်သွင်းဖြန့်ချိကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်းဖြေကြားခဲ့ပြီး ဖြစ်သင့် ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန် စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)