အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟေမာဇော်တို့နှင့် ပူးပေါင်း၍ ၉.၁၀.၂၀၂၄ ရက်နေ့၊နေ့လယ် (၁၂:၃၀) နာရီတွင် အမှတ် (၄၅)၊ လမ်း(၅၀)အောက်ဘလောက်ရှိ KMT Co., Ltd ရှိ ဆေး နှင့်ဆေးပစ္စည်းများကိုစစ်ဆေးရန် တာဝန်ခံနှင့်သွားရောက်တွေ့ဆုံ၍ စစ်ဆေးမှုများပြု လုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ကုမ္ပဏီသည် လက်ရှိကာလတွင်ဆေးဝါး(၆)မျိုးတည်းကိုသာ ပြည်ပမှ မှာယူတင်သွင်းဖြန့်ချိကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြေကြားခဲ့ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက်ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)