ဘင်္ဂလားဒေရှ်နိုင်ငံ၏ အမျိုးသားအခွန်များဘုတ်အဖွဲ့ (NBR) သည် လက်ရှိ သကြားတင်သွင်းမှုဆိုင်ရာစည်ကြပ်ခွန်ကို ထက်ဝက်လျော့ချခဲ့ပြီး ၎င်းအား ၁၅ရာခိုင်နှုန်းအထိလျော့ချခဲ့ကြောင်းသိရသည်။ မသန့်စင်သောသကြားများအပေါ် တင်သွင်းခွန်ကို တစ်ကီလိုလျှင် ၁၁.၁၈ Tk (Tk= Bangaladesh Taka) လျှော့ချလိုက်ပြီး သန့်စင်ပြီးသကြားအား တစ်ကီလိုလျှင် ၁၄.၂၆ Tk လျှော့ချလိုက်ကြောင်း NBR က အောက်တိုလာလ ၉ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင်ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ် မှုများ၊ ငွေတန်ဖိုးကျဆင်းမှု၊ မကြာသေးမီက ကျောင်းသားအုံကြွမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် ကလေးစားသောက်ကုန်များအပါအဝင် ကုန်ပစ္စည်းတချို့၏ ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် NBR သည် အလုံးစုံအခြေအနေအား ခွဲခြမ်းစိတ်ဖြာပြီးနောက် သန့်စင်ထားသောသကြားနှင့် မသန့်စင်ထားသောသကြားနှစ်မျိုးလုံးအား အခွန် ၃၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းသို့လျှော့ချခြင်းဖြင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်အောင်ကူညီဆောင်ရွက်ရန် အစပျိုးလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သက်ဆိုင်ရာ NBR ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး၏ Business Standard သို့ပြောကြားချက်အရ လက်ရှိ သကြားတစ်တန်ကို တင်သွင်းသောအကောက်ခွန်သည် ၃၀၀၀ Tk ရှိကြောင်း စည်းမျဉ်းခွန် ၃၀ရာခိုင်နှုန်း (ယခု ၁၅ရာခိုင်နှုန်းသို့လျှော့ချ) အပြင် ၁၅ရာခိုင်နှုန်းတန်ဖိုးထပ်တိုးခွန် (VAT) နှင့် ကြိုတင်ခွန် ၅ရာခိုင်နှုန်းတို့လည်းရှိကြောင်းသိရသည်။ NBR ၏အဆိုအရ ဤဆုံးဖြတ်ချက်သည် အောက်တိုဘာလ ၈ရက်နေ့မှစတင်အသက်ဝင်မည်ဖြစ်သည်။ ထို့ပြင် ဤလှုပ်ရှားမှုသည် တရားမဝင်သကြားမှောင်ခိုမှုတိုက်ခိုက်ရေးကို တွန်းအားပေးရာရောက်ပြီး တရားဝင်တင်သွင်းမှုကိုအားပေးရာရောက်ကြောင်း NBR မှ ယုံကြည်ထားသည်။ ကုန်သွယ်ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုနှင့် အကောက်ခွန်ကော်မရှင်သည် မကြာသေးမီက NBR သို့ စာတစ်စောင်ပေးပို့ခဲ့ပြီး သကြားအကောက်ခွန်လျှော့ချရန် တောင်းဆိုခဲ့သည်။
Source: tbsnews.net
DOCA(ရန်ကုန်)
ဘင်္ဂလားဒေရှ်နိုင်ငံ၏သကြားအကောက်အခွန်များလျှော့ချပြီးနောက် ဈေးနှုန်းများ ၁၄ Tk ကျဆင်းနိုင်
Powered by Drupal