ဟင်္သာတမြို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

           ဧပြီလ(၅)ရက်နေ့ ဟင်္သာတမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်တို့ပူးပေါင်း၍ မေးမြန်းဆွေးနွေးဖြေကြားသည့် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကိုပြုလုပ်ခဲ့ပါသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တို့အား ရှင်းလင်းပြောကြား၍ ဥပဒေအခန်း(၂၃)ပါတားမြစ်ချက်များအကြောင်း၊ ပုဒ်မ(၆၃)(၆၆)(၆၇)နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)