ဟင်္သာတမြို့နယ်အတွင်းရှိ ဆန်ကုန်သည်လုပ်ငန်းရှင်များအား စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်း

Powered by Drupal

      အောက်တိုဘာလ ၁၀ ရက်နေ့၊နေ့လယ်(၁၃:၀၀) အချိန်တွင်  ဟင်္သာတမြို့ ၊  တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့ နယ်အတွင်းရှိ ဆန်ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဆန်ရောင်းချမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။  

      ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို  ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ ဧည့်မထ(၁၅%) ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊‌ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ် ဖြင့်ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေးတို့ကိုလည်း အသိပေးဆွေးနွေးပါသည်။ ဆန်ကုန်သည်လုပ်ငန်းရှင် (၆)ဦးတက်ရောက်ပြီး နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)