ဇလွန်မြို့ ပဲကြွပ်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်၊ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၁၀.၁၀.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ရွှေညို(၇)လမ်း၊ ဆန်တန်းရပ်ကွက်ရှိ ပဲကြွပ်ကြော်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)