တောင်ငူခရိုင် ထန်းတပင်မှ မတ်ပဲဈေးကွက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်၊ မတ်ပဲစိုက်ဧက ၄၁၇၉၂ ရှိပါသည်။ ကျေးရွာအုပ်စု ၃၅ အုပ်စုရှိရာ ၃၂ အုပ်စုမှာ မတ်ပဲစိုက်ပျိုးကြပါသည်။ ယခုအခါ မတ်ပဲဈေး ပိဿာ ၃၀ အိတ် တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်ဈေးဖြစ်သဖြင့် တောင်သူများမျှော်လင့်ထားသလို ဖြစ်နေ၍ ဝင်ငွေကောင်းသော သီးနှံတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ် မတ်ပဲပေါ်ချိန်တွင် ပိဿာ ၃၀ အိတ် တစ်အိတ်ဈေးမှာ ကျပ် ၃၀၀၀၀ မှ ကျပ် ၄၀၀၀၀ ကြားတွင် ရှိခဲ့ပါသည်။

              တချို့ဒေသများတွင် မတ်ပဲသည် ထွန်ယက်ခြင်းမပြုဘဲ စပါးရိတ်သိမ်းပြီးကျန်နေသော လက်ယန်းခေါ် ရိုးဖြတ်အဖြစ်ကျန်သော လယ်ကွင်းထဲတွင် ကြဲချကြကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ တွက်ချေလည်းကိုက်၊ ဈေးနှုန်းလည်းအဆင်ပြေလျှက်ရှိကြောင်း သိရှိရပါသည်။

Bago(ပဲခူး)