![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/23.14_2.jpg?itok=KvxM5J4Y)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်သော မြို့နယ်တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအားခေါ်ယူ၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။
ထိုသို့ရှင်းလင်းဆွေးနွေးဟောပြောရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌမှဦးဆောင်၍ ဝါးခယ်မ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်ပစ္စည်းများအား တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ အကြမ်းဖက်အဖွဲ့အစည်းများထံ မရောက်ရှိစေရေး၊ မသင်္ကာဖွယ်ရှိသည်ဟု သံသယရှိပါက သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ သတင်းပေးပို့တင်ပြကြရန်၊ မိမိတို့မြို့နယ်လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စီးပွားရေးလုပ်ငန်းရှင်များအား အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆေးဆိုင်၊ ဆန်ဆိုင်နှင့် ကုန်စုံဆိုင်များမှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)