မြောင်းမြခရိုင် မြောင်းမြမြို့နယ် Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ် စစ်ဆေးရေးမှူး ဒေါ်ရည်မွန်သန့်နှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ နေ့လယ် (၁:၃၀)နာရီ အချိန်တွင် မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက်၊ မြဂုဏ်ရည်လမ်းရှိ Online Sale ရောင်းချနေသော ဒေါ်သင်းနုအေး(သင်းနုမုန့်တိုက်)တွင် Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြမြို့နယ် စစ်ဆေးရေးမှူးမှ Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင်အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက်၊ မြဂုဏ်ရည်လမ်းရှိ သင်းနုမုန့်တိုက်တွင် စားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုအပေါ်  Q/R ကုတ်လိုင်စင် ရှိ/မရှိ စစ်ဆေးပြီး Online Sale ရောင်းချမှုနှင့် ပတ်သက်သည့်အကြောင်းအရာများဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)