ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၄)ရက်နေ့ ၊ညနေ(၁၅:၃၀)နာရီအချိန်တွင် အိမ်မဲမြို့ ပိတောက်ရွှေဝါလမ်း၊ချောင်းဝရပ်ကွက်တွင် Online Sale ရောင်းချနေသော ဆိုင်ရှင်ဦးသန့်ဇော်ဦး၏ (သင်းရနံ့)ဆိုင်အား Online ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်မဲမြို့နယ်တာဝန်ခံက Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး အိမ်မဲမြို့ ပိတောက်ရွှေဝါလမ်း၊ ချောင်းဝရပ်ကွက်ရှိ သင်းရနံ့ဆိုင်တွင် လူသုံးကုန်ပစ္စည်းများ (ဆပ်ပြာဆီ ကုန်ကြမ်းဖြန့်ဖြူးရေး) ရောင်းချနေမှုအပေါ် Q/R ကုတ်လိုင်စင် ရှိ/မရှိ စစ်ဆေးပြီး Online Sale ရောင်းချမှုနှင့်ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)