မအူပင်မြို့ စပါးခွံလောင်စာတောင့် ထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၄)နေ့တွင် မအူပင်မြို့နယ် လှေဆိပ်တာ ကောက်ရှိ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုး၏ စပါးခွံလောင်စာတောင့်လုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။

    အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပြည့်ဖြိုးကြွယ်ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးနှင့် တွေ့ဆုံ၍ စပါးခွံလောင်စာတောင် ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းပြီး၊ စပါးခွဲထုတ်လုပ်မှု အဆင့်ဆင့်နှင့် ရောင်းဝယ်မှုနှင့် ထုတ်လုပ်မှုအခြေအနေများကိုမေးမြန်းခဲ့ပါသည်။ လုပ်ငန်းရှင်က ဆန်စက်လုပ်ငန်းမှ ထွက်ရှိလာသောစပါးခွံများသည် စွန့်ပစ်ပစ္စည်းမဖြစ်စေရန်အတွက် ရန်ကုန်ဘုရင့် နောင် ရှိမျိုးမြတ်မွန် ကုမ္ပဏီလီမီတက် (ပြည်တွင်းပြည်ပ) မှထုတ်လုပ်သောစက်တစ်လုံးလျှင် သိန်း(၅၀) ခန့်ရှိသည့် စပါးခွံလောင်စာတောင့်စက်ဖြင့် စပါးခွံ (၂)တင်းတစ်အိတ် လောင်းထည့်လျှင် စပါးခ လောင်စာတောင့် (၄)ပိဿာခန့်ထွက်ရှိသည်။ စက်(၄)လုံးဖြင့် (၂၄)နာရီတစ်ရက်လျှင် အချိန်ပိဿာ (၂၀)၊ အိတ်(၃၀၀)ခန့် ထွက်ရှိပြီးပိဿာချိန်(၂၀) ယနေ့ ၁၄. ၁၀.၂၀၂၄ ရက်နေ့ဈေးနှုန်း အနေဖြင့် တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်ဘုရင့် နောင်ဈေးကွက်သို့ တင်ပို့ရောင်းချရ ပြီးဈေးကွက် ဝယ်လိုအားရရှိနေသောလုပ်ငန်းဖြစ်ကြောင်း၊ အဆိုပါဆန်စက်အနေဖြင့် စပါးကြိတ်ခွဲထုတ်လုပ်ခြင်းနှင့်အတူကြိတ်ခွဲရာမှ ထွက်ရှိလာသည့် စပါးခွံများအား စပါးခွံမီး‌သွေးလောင်စာတောင့်အဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ထင်းအစားထိုးလောင်စာတောင့် ဈေးကွက်ဖော်ဆောင်ရွက်လျက်ရှိကြောင်းပြောပြခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)