ဓနုဖြုမြို့နယ်၊ဆန်စပါးကုန်သည်များ အသင်းဖွဲ့စည်းပြီးစီးမှုအခြေအနေ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်ဆန်စပါးကုန်သည်များအသင်း  ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ (၁၁-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၏ ဆန်၊ စပါးကုန်သည်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် အသင်းဟောင်း ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့ ဖြင့်  ဆွေးနွေးဆုံးဖြတ်ဖွဲ့စည်းခဲ့သည်။

       ထိုသို့ ရွေးချယ်ဖွဲ့စည်းရာတွင် ဆန်၊ စပါးကုန်သည်(၁၃)ဦးတက်ရောက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အသင်းအား အနည်းဆုံး (၇)ဦး၊ မဂဏန်းဖြင့် သော်လည်း ကောင်း၊(၉)ဦးဖြင့်သော်လည်းကောင်း ဖွဲ့စည်းပြီး ခရိုင်အဆင့်တွင် ပါဝင်နိုင်မည့်သူ(၂)ဦးကိုလည်း တစ်ပါတည်း အဆိုပြု ရွေးချယ်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် ဆန်၊ စပါးကုန်သည်များကိုယ်တိုင် မိမိတို့စိတ်ကြိုက်ရွေးချယ်ပေးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

        ထို့နောက် ဓနုဖြူမြို့၏ ဆန်၊ စပါးကုန်သည်အသင်းအား ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဘဏ္ဍာရေးမှူး၊ စာရင်းစစ်(၁)၊ စာရင်းစစ်(၂)တို့အပါအဝင် အသင်းသားအမှုဆောင်(၉)ဦးနှင့် ခရိုင်ကိုယ်စားလှယ်အဖြစ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား  အဆိုပြုစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)