![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.2_7.jpg?itok=aBOfamyE)
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် ဆန်စပါးကုန်သည်များအသင်းကော်မတီဝင်အဆင့်ဆင့်ကို (၁၀.၁၀.၂၀၂၄) နေ့၊နေ့လယ် (၁၂:၃၀) အချိန်တွင် ပန်းတနော် မြို့နယ်တာဝန်ခံရုံးတွင် ကျင်းပရာ လုပ်ငန်းရှင် (၁၅) ဦးတက်ရောက်ခဲ့ပြီး အသင်းအဖွဲ့စည်းမျဉ်း၊ အသင်းအဖွဲ့ မှတ်တမ်းများနှင့်အညီ မြို့နယ်ဆန်စပါး ကုန်သည်များအသင်းကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။
ထိုသို့ ရွေးချယ်ဖွဲ့စည်းရာတွင် မအူပင်ခရိုင်ဦးစီးမှူးမှ ဆန်၊ စပါးကုန်သည်အသင်းတွင်ပါဝင်မည့် အသင်းသားများသည် မိမိမြို့နယ်အတွက် ဦးဆောင်၍ ဆောင်ရွက်ပေးနိုင်မည့်သူများ၊ အထက်အဖွဲ့ အစည်းအဆင့်ဆင့်၏ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုလည်း မိမိအသင်းသားများအား အချိန်နှင့် တပြေးညီ ချပြနိုင်သူများ၊ ဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်းဆောင်ရွက်ပေး နိုင်မည့်သူများကိုသာ ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း၊ အဖွဲ့အစည်းနှင့်ဆောင်ရွက်ရာတွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ ညီညီညွတ်ညွတ်၊ စည်းစည်း လုံးလုံးနှင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဆန်စပါး ကုန်သည်များအသင်း ဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဆန်စပါးဈေးကွက်တည်ငြိမ် မှန်ကန်ရေးနှင့်၊ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ၊နိုင်ငံတော်၏အကျိုး၊ ဆန်စပါးကဏ္ဍ အကျိုးနှင့်ဆန်စပါးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်သူတို့၏ အကျိုးစီးပွားတို့ကို တည်ဆဲဥပဒေများ၊ လမ်းညွှန်ချက်များနှင့်အညီ စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များ ၊အသင်းအဖွဲ့စည်းမျဥ်း၊ အသင်းအဖွဲ့ မှတ်တမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ရသည်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အဆိုပြုစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မြို့နယ်ဆန်စပါး ကုန်သည်များအသင်းကို အဖွဲ့ဝင် (၉) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)