အသင့်စား ခေါက်ဆွဲခြောက် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်း များသည် ၁၁-၁၀-၂၀၂၄ ရက်နေ့၊နံနက် (၀၉:၃၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မအူပင်မြို့၊ ၃လမ်းဈေး၊ (၉)လမ်းဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များ သို့သွားရောက်၍ အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသော ဈေးကွက်ရောက်ကုန်စည်များ အသုံးပြုနိုင်ရန်အတွက် ဈေးကွက်အတွင်းရောင်းချသော အသင့်စားခေါက်ဆွဲ ခြောက်အမျိုးမျိုးအား သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရခြင်းရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိကို စစ်ဆေးပြီး ဈေးကွက်အတွင်းရောင်းချနေသော အသင့်စားခေါက်ဆွဲတို့တွင် သက်ဆိုင်ရာထောက်ခံချက်၊ခွင့်ပြုချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါရှိသော ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)