![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.6_5.jpg?itok=OFY6m-aw)
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မအူပင်ခရီးစဉ်တွင် (၁၂.၁၀.၂၀၂၄) ရက်နေ့ ၊နံနက် (၁၁:၃၀) အချိန်က ညောင်တုန်းမြို့နယ် ဆီရောင်းချသူ လုပ်ငန်းရှင် (၃၅)ဦးအား ဆီထုတ်ကိုယ်စာလှဉ်များနှင့် တွေ့ဆုံ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ညောင်တုန်းဆီရောင်းချသူများနှင့် ဆီထုတ်ကိုယ်စားလှယ်များကို ဒုတိုင်းဒေသကြီးဦးစီးမှူးမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးရာ ၎င်းဥပဒေဆိုသည်မှာ ဝန်ကြီးဌာနတစ်ခုခု အခါအားလျော်စွာ သတ်မှတ်သော ကုန်စည်ဝန်ဆောင်မှု တစ်မျိုးမျိုးကို ဆိုလိုကြောင်း၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို အထောက်အကူပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုကိုကာကွယ်ခြင်း၊ ထိခိုက်စေနိုင်သော ကုန်စည်နှင့် ဝန်ဆောင်မှုကို ကန့်သတ်ခြင်း၊ ဘေးအန္တရာယ်နှင့်၊ ကူးစက်ရောဂါနှင့် မလိုလားအပ် သောကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရိစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်အသို့ တင်ပို့မှုတို့ကို တားဆီးနိုင်ရန်ရည်ရွယ်ကြောင်းကို ရှင်းလင်းခြင်း၊ ဆီရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဗူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖြစ်သည့် Label ဖြစ်သည့် စားသုံးသူနှင့် ကုန်အစ္စည်းအကြားရှိ ကြာခံတစ်ခုအဖြစ် ကုန်ပစ္စည်း၏ အချက်အလက်များ ဖော်ပြထားသော ပုံစံအမျိုးမျိုးရှိ(စာဖြင့်၊ သင်္ကေတဖြင်) ဖော်ပြသောပုံစံဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ် အသားပြည်စုံစွာ ဖော်ပြပါဝင်သောကုန်စည်၊ သက်ဆိုင်ရာဌာနက ခွင့်ပြုချက်၊ ထောက်ခံချက်ပါသောကုန်စည်များကို ရောင်းချရန်၊ စားအုန်းဆီရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် ရရှိသော ဆီခွဲတမ်းအပေါ် သတ်မှတ်ချက်အတိုင်း ယခုကာလ မြို့ပေါ်ရပ်ကွက် အိမ်ထောင်စုများ ဆီထုတ်ယူခွင့်စာအုပ်များ ကို ရရှိသော ဆီဆိုင်များမှလည်း တူညီသော ခွဲတမ်းအလိုက် စနစ်တကျ ထုတ်ယူခွင့်ရရှိနိုင်ရန် စနစ်တကျစိစစ်ဆောင်ရွက်ရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဈေးနှုန်း ဗီနိုင်းဖြင့် ရောင်းချပေးကြရန်၊ အိမ်ထောင်စု တစ်ခု ၁၀ရက်တစ်ကြိမ်၊ တစ်လ ၁ပိဿာ ၅၀ ကျပ်သားကို ထုတ်ယူသည့်အခါ ပထမအကြိမ် စားသုံးသူမှ ခရီးလွန်၍ ထုတ်ယူမှု မရှိပဲ ဒုတိယအကြိမ်မှ ပေါင်းထုတ်ပါက ဒုတိယအကြိမ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးနိုင်ရန်၊ အထမအကြိမ်ရော၊ ဒုတိယအကြိမ်ပါ ထုတ်ယူခြင်းမရှိပါက တတိယအကြိမ်တွင် ပေါင်းထုတ်ယူခွင့်ပေးရမည်ဖြစ်ကြောင်း၊ ပထမလ သုံးကြိမ်ထုတ်ခွင့်လုံးမထုတ်ယူပဲ ဒုတိယလတွင် လာရောက်ထုတ်ယူပါက စားသုံးသူထုတ်ယူခွင့် မရှိကြောင်း သိရှိနားလည်နိုင်ရန် အသေးစိတ် စားသုံးသူများကို ကြိုတင် ရှင်းလင်း ပြောပြထားရန်၊ မြို့ပေါ်ရပ်ကွက် ဆီထုတ်ယူခွင့်ကို စားသုံးသူများ အားလုံးရရှိမည်ဖြစ်၍ ဆူညံမှု မရှိစေရန်နှင့် ကျေးရွာများသို့လည်း အိမ်ထောင်စုစာရင်း၊ ထောက်ခံချက် လိုအပ်သောအချက်အလက်များကို သေချာစိစစ်၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်းစိစစ်ဆောင်ရွက်နိုင်ပါရန်ကို အသိပေးပြောကြားခဲ့သည်။ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄အရအမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၆လမှအများဆုံး ထောင်ဒဏ် ၃နှစ် အထိ ချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခံရနိုင်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)