ညောင်တုန်းမြို့နယ်တွင် အွန်လိုင်းရောင်းချခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များကို အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ဒုတိုင်းဒေသကြီးနှင့်အဖွဲ့သည်  မအူပင်ခရီးစဉ်တွင် (၁၂.၁၀.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးတွင် ညောင်တုန်းမြို့နယ်အတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းဖြင့်ရောင်းချသူလုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်မှု ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

   ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ဒု-တိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအကြောင်းသိကောင်းစရာကို ရှင်းလင်းပြီး ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကို ဖြစ်စေ အွန်လိုင်းမှတဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကို ဆိုလိုကြောင်း၊ (အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၂၃)၊ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းဝယ်ယူမှုနှင့် ပတ်သက်၍ စားသုံးသူများ လိမ်လည်မှု (၂)မျိုးဖြင့် လိမ်လည်ခံနေရကြောင်း၊ ၎င်းကို ကာကွယ် ထိန်းကြောင်းနိုင်ရန် သက်ဆိုင်ရာဌာနများက ဥပဒေစည်းမျဉ်းများဖြင့် ထိန်းကြောင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ပြီးသော လုပ်ငန်းများမှ ဈေးဝယ်ယူရခြင်း၏ အကျိုးရလာဒ်များရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်မှလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိ၍ အောင်မြင်သော ယုံကြည်ရသည့် လုပ်ငန်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းလိုအပ်ချက်နှင့် အသိပညာများကို shop vedio ဖွင့်ပြပြီး လုပ်ငန်းရှင်များ နားလည်နိုင်စေရန် ဥပမာပေး ရှင်းလင်းခဲ့သည်၊။ အွန်လိုင်းနှင့် ပတ်သက်၍ မှတ်ပုံတင်လုပ်ငန်းကို အမိန်ကြော်ငြာစာ ထုတ်ပြန်ပြီးကာလ ၆လအကြာတွင် ပြင်ဆင်ရက်သတ်မှတ်ထားပြီး သတ်မှတ်ကာလကျော်လွန်ပါက မှတ်ပုံတင်ဆောင်ရွက်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲသို့  လုပ်ငန်းရှင် (၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)