ပန်းတနော် တိုင်းချစ်ဝင်း ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ ချောင်းကလေးကျေးရွာရှိ  တိုင်းချစ်ဝင်း ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပန်းတနော်မြို့နယ်မှ စစ်ဆေးရေးတာဝန်ရှိသူက ဆန်/စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြှင့်ဆန်များကြိတ်ခွဲတင်ပို့နိုင်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တို့ကိုဆွေးနွေးခဲ့ပြီး ဆန်စက်ပိုင်ရှင်အား ဆန်စက်အဆင့်မြှင့်တင်နိုင်မှုအခြေအနေ၊ မတည်ရင်းနှီး ငွေရရှိနိုင်မှု၊ ဆန်စပါးကြိတ်ခွဲစက်အမျိုးအစားသုံးစွဲမှုအခြေအနေ၊ အခြောက်ခံစက်သုံးစွဲမှုအခြေအနေနှင့် ဆန်/စပါးဈေးကွက်အခြေအနေများ၊ ဆန်အိတ်များ ထုပ်ပိုးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာ ဖော်စေရေးနှင့် ဆက်သွယ်ရန်အတွက် ပြည့်စုံမှန်ကန်သော ဖုန်းနံပါတ်များကို ရေးသားဖော်ပြရန်၊ ဒေသထွက် ဆန်များကို ရောင်းချရာတွင် MRF လအလိုက် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း လက်ကားဝယ်ယူသူများကို ရောင်းချနိူင်ရန်၊ ဆန်တင်ပို့မှု စီးဝင်/ စီးထွက် သိုလှောင်ထားရှိမှု အခြေအနေတို့ကို အသိပညာပေးခဲ့ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)