![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.10_3.jpg?itok=HMw_RAd2)
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရေလဲလမ်းရှိ ပြည်ဖြို့ကြွယ်ဆန်စက်သို့ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးဏီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက (၁၄.၁၀.၂၀၂၄)ရက်နေ့ ၊နံနက် (၀၉:၃၀) အချိန်က ဆန်စက်လုပ်ငန်းလည်ပတ်ပုံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်သိုလှောင်ထားရှိမှု၊ ဆန်ကြိတ်ခွဲမှု၊ ဆန်လက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည့်ဖြိုးကြွယ်ဆန်စက် ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက် ဒေသထွက် ဧည့်မထဆန် GE11, ရက်၉၀၊ မနောသုခ၊ ရတာနာတိုး၊ ဆန်များကိုသာ ကြိတ်ခွဲကြောင်း သိရသည်။ ဆန်စက်လုပ်ငန်း ကြိတ်ခွဲလည်ပတ်မှုကို ကြည်ရှုစစ်ဆေးပြီး ဆန်စက်တွင် စပါးဝယ်ယူမှု ၊ သိုလှောင်မှုအခြေအနေ။ ဆန်ကြိတ်ခွဲမှု တစ်နေထွက်ရှိမှု တန်၊ စပါးခွံထွက်ရှိမှု၊ ဆန်ကွဲ၊ ဖွဲထွက်ရှိမှုကို မေးမြန်းခြင်း၊ ဆန်ဈေးကွက်တင်ပို့မှုအခြေအနေ ဆန်စက်မှ မြို့နယ်ကျော် တင်ပို့မှု အခြေအနေများ၊ တစ်လအတွင်း စပါးဆန်ကြိတ်ခွဲရာတွင် ဆန်၊ ဆန်ကွဲ၊ဖွဲ ထွက်ရှိမှုစာရင်းကို မိမိတို့ဌာနသို့ လစဉ်ပေးပို့နိုင်ပါရန် ဆန်စက်သိုလှောင်ရုံ Myro မှတ်ပုံတင်ထားရှိမှုကို စစ်ဆေးခြင်း ပြုလုပ်ခဲ့ပြီး၊ ဆန်စက်မှ ရောင်းချသော ဆန်များကို MRFမှ ထုတ်ပြန်သော လအလိုက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် လက်ကားဝယ်ယူသူများကို ရောင်းချရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကိုလည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)