![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/24.11_3.jpg?itok=cED5cthX)
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစွာသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများက (၁၁.၁၀.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်တွင်ရောင်းချသော အသင့်စားခေါက်ဆွဲခြောက်အရောင်းဆိုင်သို့ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ဝန်ထမ်းများသည် ကွင်းဆင်းဆောင် ရွက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် အထက်ဖော်ပြပါနေရာများတွင် ရောင်းချနေသော အသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်စွာရှိသော ကုန်စည်များကို ရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးကွက်များတွင် ရောင်းချနေသောအသင့်စားခေါက်ဆွဲခြောက်အမျိုးမျိုးတွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်အမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အရ အသင့်စားခေါက်ဆွဲခြောက်များတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း စသည့်အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)