ဓနုဖြူမြို့နယ်ထွက် မာဃ ပဲမုန့် လုပ်ငန်း ဈေးနှုန်း ဈေးကွက်

Powered by Drupal

    ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသေးစားအငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် အဆွေတော်နှမ်းလုံးမုန့် လုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ် (၄)ရပ်ကွက် ၊ ဇကာကြီးကျေးရွာတွင် ထုတ်လုပ်ဖြန့်ဖြူ ရောင်းချနေသော မြို့နယ်တွင်း တပိုင်တနိုင် မုန့်လုပ်ငန်း တစ်ခုဖြစ်သည်။

    မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေခံသော မြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေး လုပ်ငန်းအတွက် အခြေခံကောင်းများရှိသည့်အပြင် MSMES လုပ်ငန်းများလည်း တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ ယခုအပတ်တွင် ဓနုဖြူမြို့နယ်၊ ဇကာကြီးမြို့ကွက်သစ်ရှိ အဆွေတော် နှမ်းလုံးနှင့်မြေပဲလုံး ထုတ်လုပ်မှု နှင့် တင်ပို့ရောင်းချမှုအကြောင်း အောက်တိုဘာလ ဒုတိယပတ်တွင် လုပ်ငန်းသို့ ကွင်းဆင်းမေးမြန်း၍ တင်ပြလိုက်ပါသည်။

      အဆွေတော်မုန့်လုပ်ငန်းကို ၂၀၁၅ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ထုတ်လုပ်သော မုန့်များမှာ နှမ်းလုံး၊ မြေပဲလုံး၊ အုန်းလုံးမုန့်များကို ထုတ်လုပ်ရောင်းချကြောင်း၊ ပဲမုန့် ထုတ်လုပ်ရာတွင် သုံးစွဲသော ကုန်ကြမ်းမှာ နှမ်းဖြူရယ်၊ နှမ်းနက်ရယ် နှစ်မျိုးသုံးကြောင်း၊ မြေပဲကိုအသုံးပြုကြောင်း၊ အုန်းသီးကိုလည်း မြို့နယ်နှင့် နီးစပ်ရာ ဒေသမှ လိုက်လံဝယ်ယူပြီး အသုံးပြုကြောင်း၊  နှမ်းလုံးရန် ထန်းလျက်၊ သကြား၊ ကတ်စေးနဲအသုံးပြုကြောင်း၊  ထန်းလျက်ကို ညောင်စေးကျအောင်ကြိုပြီး နှမ်းတို့ မြေပဲ တို့ကို ထည့်မွှေပြီး အအေးခံကာ အလုပ်သမား (၉)ဦးဖြင့် အလုံးကလေးဖြစ်အောင် ဝိုင်းလုံးပြီး ဗူးထဲသို့ ထည့်ကာ ပါကင်ပိတ်ပြီးလုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်ရ ကြောင်း၊ လုပ်ငန်းကို ရင်းနှီးမြုပ်နှံမှုအားဖြင့် သိန်း ၃၀၊ ၄၀ လောက်ရင်းနှီးမြုပ်နှံထားပြီး၊ နှမ်းနက် တစ်ပိဿာ ၁၇၀၀၀၊ကျပ်၊နှမ်းနက် (၂၇)ပိဿာပါ တစ်အိတ်ကို (၄၅၉၀၀၀/-)ကျပ် ဝယ်ယူရကြောင်း၊  နှမ်းဖြူ ၁ပိဿာ ၁၅၀၀၀၊ကျပ်၊ (၂၇)ပိဿာပါ တစ်အိတ်ကို (၄၀၅၀၀၀/-)ကျပ်ဝယ်ယူရကြောင်း၊ မြေပဲ ၈၀ကျပ်သားပါ တစ်အိတ် ၉၀၀၀၊ကျပ် မြေပဲအထုတ် ၃၀ပါ တစ်အိတ် (၂၇၀၀၀၀/-)ကျပ်၊ ထန်းလျက် ၁၀ပိဿာ ၅၅၀၀၀/-ကျပ် ဈေးဖြင့် ရန်ကုန်ဘုရင့်နောင် ပွဲရုံဘက်မှ ဝယ်ယူစုဆောင်းပြီး မုန့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊  တစ်လကို အကျိုးအမြတ်အနေဖြင့် ၃သိန်းကျော် အမြတ်ရရှိပြီး မုန့်ထုတ်လုပ်နိုင်မှု အနေဖြင့် တစ်လကို ဗူးရေ ၁၀၀၀ကျော် ထုတ်လုပ်နိုင်ပြီးမှာ ယူသလို ထုတ်လုပ်ရပြီး သုံးစွဲသူ မှာယူအားပေးမှုပေါ်မူ တည်ပြီး ပိုမိုထုတ်လုပ်ရကြောင်း၊ တင်ပို့ရောင်းချမှုအနေဖြင့် ဧရာဝတီတိုင်း ဓနုဖြူ၊ ဇလွန်၊ ပုသိမ်သို့ ရောင်းချတင်ပို့ပြီး ၊ ရန်ကုန်တိုင်းတွင် ကိုယ်စားလှယ်တစ်ဦးရှိပြီး ဖြန့်ဖြူးရောင်းချနေကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းဖြူ တစ်ဗူး ၃၆၀၀/-ဖြင့်လက်ကားပေးပြီး လက်လီ ၄၀၀၀/-ကျပ် ရောင်းချကြောင်း၊ နှမ်းနက်၊နှမ်းဖြူ၊မြေပဲအရောတစ်ဗူးကို   လက်ကားဈေး ၃၈၀၀ကျပ်၊ လက်ကားဈေးက ၄၂၀၀/-ဖြင့် ရောင်းချကြောင်း သိရသည်။ မြေပဲလုံး တစ်ဗူးကို ၃၈၀၀/-ကျပ် လက်ကားပေးပြီး လက်လီ ၄၃၀၀/-ကျပ်ရောင်းချကြောင်း၊ အုန်းလုံး မုန့် လုပ်ငန်းသည် အသေးစား စက်မှုလုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိအမှတ်ပြု ထောက်ခံချက်လက်မှတ်ရရှိထားကြောင်း အဆွေတော် မုန့်လုပ်ငန်းရှင်ကို အခြားဒေသနှင့် တိုင်း/ပြည်တယ်များသို့ တင်ပို့ရောင်းချနိုင်ရန်၊ စားသုံးသူများ ပိုမိုသုံးစွဲသော မုန့်တစ်ခုဖြစ်အောင်  ဈေးကွက်ရှာဖွေလျက်ရှိကြောင်းကို ဦးစန်းအောင်မှ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)